အိမ်..
ကိုထူးအိမ်သင်ရဲ့
"အမေ့အိမ်"သီချင်း နားထောင်ဖြစ်တိုင်း
အိမ်ကို လွမ်းတယ်..။
အိမ်.. ...
အနွေးထွေးဆုံး အမေ့အိမ်
အိမ်ကိုလွမ်းတယ်ဆိုတာ အမေ့ကို လွမ်းတာ
အိမ်ဆိုတာ အမေ့ရဲ့ပုံရိပ်
အိမ်ဆိုတာ အမေရှိမှ ပြည့်စုံတာ
အိမ်ကိုရောက်တယ်ဆိုတာ အမေ့ကိုတွေ့မှ
အမေ့ကိုမတွေ့ရင် အိမ်ကိုမရောက်ဘူး...။
သား
အိမ်ပြန်ရောက်ချင်ပြီ အမေ..
မဟုတ်ဘူး
သား အမေ့ရင်ခွင်ရိပ်ကို ပြန်ရောက်ချင်ပြီ
သား.. ...
အမေ့ကို တွေ့ချင်ပြီ.. အမေ.. ...။
သစ်ကို (မုန်းချောင်းမြေ)